Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ကော်မတီ၏ တတိယအကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2023-01-25 16:05:27

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၏ တတိယအကြိမ်မြောက်ကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက် နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ကော်မတီအဖွဲ့ဝင်များစုစုပေါင်း( ၂၅ )ဦး၊ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅)တွင် ဦးဆောင်လုပ်ရမည့် လုပ်ငန်းစီမံချက်များမှ လုပ်ငန်းစီမံချက် (၁.၁.၄) တွင်ပါရှိသည့် ကုန်သွယ်မှုဗဟိုဌာနများနှင့် ဆက်သွယ်မှုလုံခြုံချောမွေ့စေရေး အတွက် လိုအပ်သော Network Accessory ပစ္စည်းတစ်ခု တပ်ဆင်သွားရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက် ထည့်သွင်းလျာထားဆောင်ရွက်ထားကြောင်း၊ လုပ်ငန်းစီမံချက် (၂.၁.၃) ကုန်သွယ်ရေးနှင့် စျေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်သော သတင်းအချက် အလက်များသိရှိရန် သုတေသနပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းများနှင့်ပတ်သက်၍ နည်းပြသင်တန်း (ToT) များ ဆောင်ရွက် ခဲ့ပြီးမှုအခြေအနေများ၊ လုပ်ငန်းစီမံချက် (၂.၃.၁) နှင့်ပတ်သက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝက်ဆိုဒ်ကိုအခြားသောဝက်ဆိုဒ်များနှင့်ချိတ်ဆက်ပြီး လုပ်ငန်းစဉ် များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဝက်ဆိုဒ်ပေါ်တွင်ရှိသည့် သတင်းအချက်အလက်များအသိပေး မှုမြှင့်တင်ရန်အတွက် စျေးကွက်ထိုးဖောက်ခြင်း လှုံ့ဆော်မှုများအတွက် သတင်းစာတွင် ကြော်ငြာ ထည့်သွင်းဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍလုပ်ငန်းစီမံချက် (Plan of Actions - PoA) ပါ လုပ်ငန်းစဉ် (Activities)များ အပေါ်ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်၊ ဈေးကွက်သုတေသနအသင်းနှင့် အဖွဲ့ဝင်များမှလည်း ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025